နတ်မောက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျေးရွာဖွံဖြိုး တိုးတက်ရေး စီမံကိန်း (VDP ) အကြောင်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့ စည်းခြင်း လုပ်ငန်းများကို ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာဖွံဖြိုးရေးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နတ်မောက်မြို့ နယ်အတွင်းရှိ ကျေးရွာ(၂၀)ရွာအား (VDP) စီမံကိန်း ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ရာ ထိုကျေးရွာ(၂၀)ရွာအနက် သားမျှား (မ) ကျေးရွာ ၊ ရှောက်ပင် ကျေးရွာ ၊ န-ဂွေးချိုကျေးရွာများသို့ ကျေးရွာဖွံဖြိုးရေးတိုးတက်ရေးစီ မံကိန်း(VDP) အကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို မြို့နယ် ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျေးရွာဖွံဖြိုးရေး ကော်မတီဝင်ရွေးချယ် ရာတွင် ကျေးရွာသူ၊ ကျေးရွာသားများမှ ကိုယ်တိုင်မဲပေးစနစ်ဖြင့် ရွေးချယ်စေပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀)ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသ ဖွံဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးထံမှသိရသည်။
မူမူစန်း( နတ်မောက်)