မြောက်ဥက္ကလာ သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့က ရွှေပေါက်ကံရပ်ကွက် စက်မှုဇုန်တွင် ပြုလုပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း သိကောင်းစရာများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသပေးခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ တာ၀န်ရှိသူများ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၄၀၀)ဦးခန့်တို့က စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)