ဒေါပုံ ဩဂုတ် ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်း၀င်းစိန်က အဖွင့်အမှာစကားပြောကြားရာတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက် အဖွဲ့၀င်များအားလုံး လက်တွဲညီစွာပူးပေါင်းဆောင်ရွက်သွားကြရေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များက အသီးသီးမိတ်ဆက်ခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အတွင်းရေးမှူးက ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ညွှန်ကြားချက်များ၊ သိသင့်သိထိုက်သည့် အချက်အလက်များကို ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)