ကလေး ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ခုတင်-၃၀၀ဆံ့ဆေးရုံ(တိုင်းရင်းဆေးရုံ)နှင့်ပြည်သူ့အဌား အိမ်ယာ (အိတ်စွပ်) တို့တွင် ဆေးကုမှုခံ ယူနေကြသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦးတို့သည် ဆေးရုံဆင်း သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန် သောကြောင့် ယနေ့မွန်းလွှဲ ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ပြုလူနာ(၇)ဦးတို့မှာ ကလေးမြို့ ညောင်ပင်သာရပ်ကွက်နေရပ်ကွက်နေ အမျိုးသား (၁)ဦး၊ အောင်သစ္စာရပ်ကွက်နေ အမျိုးသမီး(၃)ဦး၊ မြို့သာရပ်ကွက်နေအမျိုးသား (၁) ဦး၊ အောင်မြေမာန် ရပ်ကွက်နေ အမျိုးသမီး (၁) ဦး၊ သဇင်ရပ်ကွက်နေ အမျိုးသား(၁)ဦးတို့ဖြစ်ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များပေးအပ် ခဲ့ကြပြီး ဆေးရုံဆင်းပြီး နောက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ တိကျလိုက်နာ စေရန်မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ (၆၃) ဦး ကျန်ရှိနေပြီး အဆိုပါ အတည်ပြုလူနာများကို ကလေးမြို့ ခုတင်-၃၀၀ ဆံ့ဆေးရုံကြီး (တိုင်းရင်း ဆေးရုံ) နှင့် ပြည်သူ့အဌားအိမ်ယာ (အိတ်စွပ်) အထူး ကြတ်မတ်ဆောင်တို့တွင် ဆေးကုသမှုခံယူစေလျက် ရှိကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)