မရမ်းကုန်းမြို့နယ် အဖြူရောင်ပရဟိတအသင်းသို့ လူနာတင်ယာဉ်တစ်စီးနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

မရမ်းကုန်း ဒီဇင်ဘာ ၂၁

လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်  ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့်   ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရက်ကွက်ရှိ အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းသို့ ယမန်နေ့ နံနက်ပိုင်းက (၇၅) သိန်းတန်ဘိုးရှိ လူနာတင်ယာဉ်တစ်စီးနှင့် ကျန်းမာရေးသုံပစ္စည်းများ လှူဒါန်းခဲ့ သည်။

အဆိုပါလူနာတင်ယာဉ်အား မရမ်းကုန်းမြို့နယ်၊ အမှတ် () ရပ်ကွက်၊ သာယာအေး ()လမ်း၊ အမှတ် (/)နေ ကွယ်လွန်သူ (ဦးစိုးလှိုင်+ဒေါ်သန်းနွယ်) တို့အား ရည်စူး၍ သမီး ဒေါ်ညိမ်းညိမ်းစိုး၊ သား ဦးလှထူးမောင်နှမတစ်စုက လှူဒါန်းခဲ့ပြီး ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၄၅ စုံ၊ KN95 (၁၀၀)ခု၊ Mask (၅၀၀)၊ အရက်ပျံ ပုလင်းကြီး(၁၂)ပုလင်း၊ လက်သန့်ဆေးရည်ပုလင်းကြီး(၆)ပုလင်းတို့ အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ကိုဗစ်-၁၉ ကော်မတီဝင်များက ပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)