လသာ ဩဂုတ် ၂၁
ကျောက်တံတားခရိုင်၊ လသာမြို့နယ် အ.ထ.က(၂)ကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်၀င်းကအမှာစကားပြောကြားပြီး ကျောက်တံတားခရိုင် လျှပ်စစ်မန်နေဂျာဦးယဥ်မိုးနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာတို့က လျှပ်စစ်အသုံးပြုရာတွင် သတိထားသင့်သည့်အချက်များနှင့်အန္တရာယ် ကင်းရှင်းရေးစည်းမျဉ်းစည်းကမ်းများ လျှပ်စစ်မီးသုံးစွဲမှုမှဖြစ်ပေါ်နိုင်သည့်အန္တရာယ်များ၊ အရေးပေါ်အခြေအနေများအတွက် ကာကွယ်ထိန်းချုပ်နည်းများနှင့် ကျောင်းတွင်းတွင် လျှပ်စစ်ဘေးကင်းစေရန်လိုအပ်သည့်သတိပေးအချက်များကို အထူးအလေးပေးဆွေးနွေးပြောကြားကာ ကျောင်းသူများအတွက် လျှပ်စစ်အသုံးပြုရာတွင်ဂရုပြုစေရန်သတိပညာ နမူနာများကိုလည်း ရှင်းလင်းပြသခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၃၆၀)ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးဟောပြောပွဲမှတဆင့် ကျောင်းသူများအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနားလည်စေပြီး နောင်အခါ မိမိတို့အိမ်နှင့်သင်ကြားရေးအရာတွင် လျှပ်စစ်အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည့် ဗဟုသုတရရှိစေရန်ရည်ရွယ်ကြောင်းသိရသည်။
နေလင်း(ပြန်/ဆက်)