မရမ်းကုန်း ဒီဇင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓာမာလမ်း၊ ဥက္ကလာပဂေါက်ကွင်းအနီး မော်တော်ယာဉ်များ လာရောက်ရပ်နားခြင်းနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေး လုံခြုံရေးကြိုးတားဆီးခြင်းအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နေရာတွင် နေ့စဉ်မွန်းလွဲ (၃) နာရီအချိန်မှစ၍ မော်တော်ယာဉ်များ လာရောက်ရပ်နားခြင်း၊ မိသားစုအလိုက်၊ လူအုပ်စုအလိုက် ဝိုင်းဖွဲ့သောက်စားခြင်းများ ရှိနေသဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် လုံခြုံရေးကြိုး တားဆီးခြင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)