မင်းတုန်း ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဝန်တွင်းကျေးရွာနှင့် ပုသိမ်-မုံရွာလမ်း ကျေးလက် ကုန်ထုတ်လမ်း ခင်းနေမှုကို သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက မကွေးတိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် မြို့နယ် ဦးစီးမှူး ဒေါ်မြတ်စုအောင်တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း(၂၅.၂)သန်းဖြင့် Nine Elephant Co.Ltd မှဆောင်ရွက်ခြင်းဖြစ်သည်။ လမ်းအမျိုးအစားမှာ မြေနီကျောက်စရစ်လမ်း ဖြစ်ပြီး လမ်းအထူ ၉ လက်မ အကျယ် ၁၂ ပေနှင့် လမ်းအရှည် ၁/၄ မိုင်ဖြစ်ကြောင်း မြို့နယ ်ဦးစီးမှူး ဒေါ်မြတ်စုအောင်ထံမှ သိရှိရသည်။
ချင်းကလေး (NRDC)