ဘားအံမြို့ရှိ သီရိဈေး‌ဟောင်းအား အဆင့်မြင့်စေရေးအတွက် ဈေးရုံသစ်တည်ဆောက်ရန် ပန္နက်တင်

ဘားအံ  ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်၊ ဘားအံမြို့အမှဝ်(၆) ရပ်ကွက်ရှိ သီရိဈေးဟောင်းအား အဆင့်မြင့်စေရေးအတွက်ဈေးရုံသစ်တည်ဆောက်ရန်  (Steel Structure)တစ်ထပ် အကျယ်(၄၈ပေ၊ ၈၀ပေ)ဈေးရုံ(၄)ရုံ အသစ်တည်ဆောက်ရန် ပန္နက်တင်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဈေးရုံသစ်ပန္နက်တင်ခြင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးသန်းနိုင်၊ ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး သူရဦးမြင့်သူ၊ အင်ဂျင်တနီယာမှူးကြီး ဦးစိုးလွင်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှုဆောင်အရာရှိ ဦးဇော်လင်းထွန်းတို့က ပန္နက်ရိုက်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြပြီး တာဝန်ယူတည် ဆောက်မည့် သပြေသုခ ဆောက်လုပ်ရေး ကုမ္မဏီမှ မန်နေဂျင်းဒါရိုက်တာက ဆောင်လုပ်မည့်ဈေးသစ်အဆောက်အဦနှင့် ပတ်သက်တဲ့ အကြောင်း အရာများကို ရှင်းလင်းပြောကြားသည်။

ဈေးရုံသစ်ကို ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်၊ဘဏ္ဍာငွေ(၄၀၅)သန်းဖြင့်  (Steel Structure)တစ်ထပ် အကျယ်(၄၈ပေ၊ ၈၀ပေ)ဈေးရုံ(၄)ရုံ ဈေးဆိုင်ခန်း(၁၄၀)ခန်းကို ယခင်စာရင်ဝင်ပိုင်ဆိုင် သူများအား ဦးစားပေးကာ ပျံကျဈေးရောင်ချသူများအတွက်လည်း ပိုမိုရောင်းချနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပြီး ‌အများသုံး အိမ်သာ၊ သန့်စင်ခန်းများ ကားဆိုင်ကယ် ထားသွားနိုင်ရေးနေများပါ တည်ဆောက်သွားမှာဖြစ်ကြောင်း ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)