ရန်ကုန် သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နေ့လည် (၁)နာရီ က အ.ထ.က(၂) ကျောင်းမြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးလှသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး အနောက်ပိုင်းခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးသိုက်ထွန်းမောင်မှ အမှာစကားပြောကြားသည်။ ထို့နောက် လမ်းမတော်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးအောင်မျိုးထွန်းမှ လျှပ်စစ်အကြောင်းသိကောင်းစရာများနှင့် လျှပ် စစ်အန္တရာယ်ကင်းရှင်းရေးသတိပြုရမည့်အချက်များအကြောင်းရှင်းလင်းပြောကြားကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးသရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ်ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)