စမ်းချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်းများအား သင်ထောက်ကူပစ္စည်းများနှင့် အမှိုက်ပုံးများပေးအပ်ခြင်းအခမ်းအနား ကျင်းပ

စမ်းချောင်း ဩဂုတ်၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်းများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်ထောက်ကူပစ္စည်းများနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရန် အမှိုက်ပုံးများပေးအပ်ခြင်းအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စံပယ်ခန်းမတွင်ကျင်းပခဲ့သည်။

အခမ်အနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီးဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားပြီး၊ ၀န်ကြီးချုပ်နှင့်ဇနီးဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်များက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း စုစုပေါင်း(၃၉)ကျောင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရန် အမှိုက်ပုံးများကိုပေးအပ်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်ထောက်ကူပစ္စည်းများနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရန်အမှိုက်ပုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)