သာကေတမြို့နယ်၊ စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Social Distancing နှင့်အညီကျင်းပ

သာကေတ ဒီဇင်ဘာ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ ညနေ ၃ နာရီ၌ သာကေတမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖေသောရီမှ “ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ညွန်ကြားချက်အရ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီအနေဖြင့် သာကေတမြို့နယ်ရှိ စံညီရပ်ကွက် စာကြည့်တိုက် (၁၅)တိုက်၊ စံညီစာရင်းတွင် မပါဝင် သော်လည်း ရှင်သန်ဖွံ့ဖြိုးနေသော ကိုယ်ထူကိုယ်ထ စာကြည့်တိုက် (၁)တိုက်၊ စုစုပေါင်းစာကြည့်တိုက် (၁၆) တိုက်တို့ကို တရားဝင်မှတ်ပုံတင်မည့်ကိစ္စ၊ မရှင်သန်ပိတ်ထားသော ကျန်စာကြည့်တိုက်များ ပြန်လည်ရှင်သန် လာရေး” စသည်တို့ကိုဆွေးနွေးပြီး အဖွဲ့ဝင်များက ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသည် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များ၏ ပထမဆုံး တာဝန် တစ်ရပ် ဖြစ်သည့် စာကြည့်တိုက်များ မှတ်ပုံတင်နိုင်ရေးအတွက် ပမာဏညှိနှိုင်းအစည်းအဝေး ဖြစ်ပြီး ရပ်ကွက်စာကြည့် တိုက်ကော်မတီဝင်များနှင့် ညှိနှိုင်းမည့် အစည်းအဝေးကို Social Distancing နှင့် အညီဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်ဆက်)