လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေး‌ဟော‌ပြောခြင်းနှင့် အာဟာရအုပ်စု(၅)အုပ်စု ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူးကျင်းပသော ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အာဟာရအုပ်စု(၅)အုပ်စုတို့ကိုထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ်(၃)နာရီ၌ ရွှေလင်ပန်းကျေးရွာ ဒေသန္တရကျန်းမာရေး ဆေးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကိုယ်ဝန်ဆောင်များအနေဖြင့် ခန္ဓာကိုယ်အတွက်သာမက မွေးဖွားလာမည့်ရင်သွေးငယ်များအတွက်အာဟာရပြည့်ဝစေရေး၊ သွေးအားကောင်းစေရေး၊ အိုင်အိုဒင်းဆားစားသုံးမှုနှင့်  အစာအာဟာရရွေးချယ်စားသောက်ရေး စသည့်ကျန်းမာရေးဆိုင်ရာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြူကြသင်းမှအသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်သူဇာသိမ့်နှင့်အဖွဲ့ဝင်များ နို့တိုက်မိခင်များကို စနစ်တကျနို့ချိုတိုက်ကျွေးနည်းများအားသင်ကြားလေ့ကျင့်ပေးခြင်း၊ နှစ်နှစ်အောက်ကလေးငယ်များအား(vitamin A) ဗီတာမင်အေများတိုက်ကျွေးပြီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များအား အာဟာရရက် သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အာဟာအုပ်စ(၅)စုပစ္စည်းများအား ထောက်ပံ့‌‌ပေးဝေလျက်ရှိသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့‌ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကိုယ်၀န်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)