သာကေတ ဒီဇင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေ စေရန် အတွက် အလှူရှင် ဂျာမနီ နိုင်ငံသားများ၊ မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးနှင့် We Love Yangon ကိုယ်စား We Love Thakayta လူထုအခြေပြုပရဟိတအဖွဲ့မှ ယမန်နေ့တွင် ထပ်ဆင့် လှူဒါန်းပေးခဲ့ သည်။
ထိုသို့ ထပ်ဆင့်လှူဒါန်းပေးရာတွင် သာကေတမြို့နယ် အတွင်းရှိ (၆)ရပ်ကွက် ဇမ္ဗူသီရိ ၈ လမ်းရှိ အိမ်ထောင်စု (၄)စု၊ (၈)ရပ်ကွက် မဟာဝန်အောက်လမ်းရှိအိမ်ထောင်စု (၁၀)စု၊ (၈) ရပ်ကွက် သီတာလမ်း ရှိ အိမ်ထောင်စု (၃)စု၊ (၈)ရပ်ကွက် နဝရတ်(၅)လမ်းရှိ အိမ်ထောင်စု (၅) စု၊ (၈)ရပ်ကွက် နဝရတ် (၃)လမ်း ရှိ အိမ်ထောင်စု (၅)စု၊ ၁၀/တောင် ဇေယျဝတီ (၃)လမ်း အတွင်းရှိ အိမ်ထောင်စု (၈)စု၊ ဇေယျဝတီ (၅)လမ်းရှိအိမ်ထောင်စု (၄)စု၊ ဇေယျဝတီ(၄) လမ်းထိပ်ရှိ အိမ်ထောင်စု (၉)စု၊ (၅)ရပ်ကွက် သုမန (၁)လမ်းရှိ အိမ်ထောင်စု (၁)စု၊ (၅)ရပ်ကွက် သုမန ၅ လမ်းအတွင်းရှိအိမ်ထောင်စု (၂၆)စု၊ အိမ်ထောင် စုစုပေါင်း (၇၅)စုအား အိမ်ထောင်စု တစ်စုလျှင် ဆန်ခြောက်ပြည်၊ ဆီငါးဆယ်သား၊ ခေါက်ဆွဲခြောက် အထုပ် ၃၀၊ ငါးသေတ္တာ(၁၀)ဗူး တို့အား အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့သည်။
ကိုဘုန်း(ပြန်ဆက်)