ကျောက်တံခါး ဒီဇင်ဘာ ၂၁
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ည(၈)နာရီ ထုတ်ပြန်ချက်အရ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လုနာ (၇)ဦးထပ်မံတွေ့ရှိ၍ ပိုးတွေ့ လူနာပေါင်း (၂၉၈)ဦးရှိပြီဖြစ်ပါသည်။
ကျောက်တံခါးမြို့နယ်အတွင်းရှိ (FQ)များမှ ပြည်ပပြန်၊ ရန်ကုန်ပြန်နှင့် Stay at Homeသတ်မှတ် သည့် ဒေသများမှ ပြန်လာသည့်လူဦးရေစုစုပေါင်း (၁၉၅)ဦးတို့အား ယခုလ ၁၈ ရက်က နှာခေါင်းတို့ပတ် ရယူ၍ ဓါတ်ခွဲစစ်ဆေးခဲ့ရာ ယမန်နေ့ည(၈)နာရီ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ပိုးတွေ့(၇)ဦးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ ကျောက်တံခါးဒေသမှဒိုးတန်းရွာမှ(၁)ဦး၊ ကံကလေးရွာမှ (၁)ဦး၊ ချောက်တရာ ရွာမှ(၂)ဦး၊ရှမ်းရွာ(ဖြူးစု)မှ (၁)ဦးစုစုပေါင်း (၅)ဦး၊ဖဒိုဒေသ မြို့ချောင်း စျေးတန်း(၂)မှ (၁)ဦး၊ တောကျွဲအင်း၊ သပြေတန်းရှမ်းရွာမှ(၁)ဦး စုစုပေါင်းပိုးတွေ့(၇)ဦးဖြစ်ပြီး ၎င်းတို့အား အ-ထ-က (ကျောက်တံခါး) ဆေးကုရေး စင်တာတွင်(၇)ဦး ထားရှိကာ ဆေးကုသ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စန်းစန်း(ပြန်/ဆက်)