မြဝတီ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်၌ မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ရှိ သဇင်လမ်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးရာ အိမ်မှူးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာနေကြသည့် ပြည်သူများအား နှာခေါင်းစည်းတစ်ခုကို ငွေကျပ် ငါးဆယ်နှင့် ဒဏ်ကြေးငွေ ၁၅၀ ကျပ် စုစုပေါင်းငွေကျပ် ၂၀၀ ကျပ်နှုန်းဖြင့်ချက်ချင်း ဝယ်ယူတပ်ဆင်စေခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်