ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ လှူဒါန်းသည့် အောက်စီဂျင်ဘူး (၂၀၀) ကို ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရာ တိုင်းရင်းဆေးရုံ အထူးကြတ်မတ်ကုသဆောင်သို့ ဆက်လက် လှူဒါန်း

ကလေး ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အသကရှူရန် ခက်ခဲသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ကလေးမြို့နယ်အတွင်းရှိ အလှူရှင်များက  အောက်စီဂျင်ဗူး(၂၀၀)အား လာရောက်လှူဒါန်းရာ အလှူရှင်များ လာရောက် လှူဒါန်းသည့် အောက်စီဂျင်ဗူးများအား ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ တိုင်းရင်းဆေးရုံရှိ အထူးကြတ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူများ အား ဆက်လက်လှူ ဒါန်းပြီဖြစ်ကြောင်းသိရသည်။

တိုင်းရင်းဆေးရုံတွင် အသက်ရှူရန်ခက်ခဲသည့် ကိုဗစ်-၁၉အတည်ပြုလူနာ(၅)ဦးရှိကာ အဆိုပါ အတည်ပြုလူနာများ အတွက် တစ်ရက်လျင် အောက်စီဂျင်ဗူး (၆၀)ခန့် အသုံးပြုနေကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း (၃၃၂) ဦး အထိရှိကာ (၂၆၄) ဦးမှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး၊ (၅) ဦးသေဆုံးကာ ကျန်ရှိနေသည့် အတည်ပြုလူနာ (၆၃) ဦးတို့ကို တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှား အိမ်ယာ အိတ်စွပ်တို့တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)