ကျောက်တံခါး ဒီဇင်ဘာ ၂၁
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံဖြိုးရေးစီမံကိန်း(VDP) စီမံကိန်း မိတ်ဆက်ရှင်း လင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဂနက်ကျေးရွာအုပ်စု၊ မူခရမ်းကျေးရွာ တွင် ကျင်းပပြုလုပ်ခဲ့သည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)အား မိတ်ဆက် ရှင်းလင်းကြသည်။
ဆက်လက်၍ ကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ရာ ကျေးရွာပြည်သူများမှ ကော်မတီရွေးချယ် ပေးခြင်း၊ ဖွံ့ဖြိုးရေးစီမံချက်များ ဆွေးနွေးဖော်ထုတ်ခြင်း၊ ဦးစားပေးစီမံချက်များ ရွေးချယ်ခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ် ကျေးလက်ဦးစီးဌာန အနေဖြင့်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(၁၅)ရွာ ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် ဖွံ့ဖြိုးလုပ်ငန်းများ ကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးကို များစွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)