စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ကောလင်း-ဥက္ကံလမ်းအား လွှတ်တော် ရန်ပုံ​ငွေနှင့် အလှူရှင်များထည့်ဝင်ငွေများဖြင့်ဂျင်းမြေလမ်းခင်းခြင်း ဆောင် ရွက်

ကောလင်း    ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ကောလင်းမြို့နယ်၊ကောလင်း-ဥက္ကံလမ်းအား လွှတ်တော် သိန်းတစ်ထောင် ခွဲဝေဘတ်ဂျက်မှ ဥက္ကံအုပ်စု၊ရွှေတွင်းအုပ်စု၊ ဂွေးတောက် တောအုပ်စု စသည့် ၃အုပ်စုအား တစ်အုပ်စုလျှင်၂၅သိန်းကျပ်နုန်းဖြင့် ၃အုပ်စုပေါင်း၇၅ သိန်းချ ထားပေးဝေခဲ့ရာ ၁အုပ်စုလျှင် ဂျင်းမြေ ၁မိုင်နုန်းဖြင့် (၃)မိုင်သာ ရရှိမည် ဖြစ်သော်လည်း မြေသား လမ်းခင်းရမည့် ကျန်ရှိသည်မှာ(၅)မိုင်ခန့်ကျန်ရှိနေမည် ဖြစ်သည့် အတွက် (၃)အုပ်စုဖြစ်သော ဥက္ကံ၊ရွှေတွင်းနှင့်ဂွေးတောက်တောအုပ်စုမှ အုပ်ချုပ်ရေးမှူး တို့ ဦးဆောင်မှုဖြင့် ကျန်ရှိနေသော (၅)မိုင်အား အလှူရှင်များ လှူဒါန်းသောငွေများဖြင့် ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကောလင်း- ဥက္ကံလမ်းပိုင်းတွင် ခေါတောကျေးရွာအထိ ကတ္တရာလမ်းများ ကောင်း မွန် နေသော်လည်း  ခေါတောကျေးရွာနှင့် ဥက္ကံကြားလမ်းပိုင်းသည် ကျောက်ခင်း လမ်း ဖြစ်နေသည့် အတွက်  ယာဉ်ကြီးယာဉ်ငယ်များ၊ဆိုင် ကယ်ကယ်များသွားလာကြရာတွင် လည်းကောင်း၊ ကျန်းမာရေး၊လူမှုရေး၊ ပညာရေး၊စီးပွားရေးစသည့်အကြောင်း ကိစ္စများဖြင့် သွားလာကြရာတွင် အချိန်တိုအတွင်းမရောက်ရှိဘဲနှောင့်နှေးကြန့်ကြာသည့် အခက်အခဲ များနှင့် ကြုံတွေ့ရသဖြင့်  ယခုလိုကျန်ရှိနေသော ( ၅ )မိုင်လမ်းပိုင်းအား ယခုလို လွှတ်တော်ရန်ပုံငွေအပြင် အလှူရှင်များ၏ စေတနာဖြင့်ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်းသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)