ညောင်လေးပင် ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ကမ္ဘောဇဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး အနံ့မရ၍ Ag RDT ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိကြောင်းသိရသည်။
အဆိုပါ အမျိုးသမီးမှာ ၁၆ ရက်နေ့က စဖျားပြီး အပြင်ဆေးခန်းတွင် ပြနေရာက ယနေ့ နံနက်တွင် အနံ့မရ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် Ag RDTဖြင့်စစ်ဆေးရာမှ ကိုဗစ်ပိုး တွေ့ရှိခြင်းဖြစ်ကြောင်း၊ ၁၆ ရက်နေ့ စဖျားသည့် နေ့က အလုပ်ဆင်းခဲ့ပြီ နောက်နေ့တွေမှာ ခွင့်ယူခဲ့ကြောင်း၊ ၎င်းမှာ တောင်ငူ နေရပ်ဖြစ်ပြီး ဘဏ်အပေါ်ထပ် ဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြောင်း၊ ၎င်းအား တိုင်းရင်းဆေးရုံသို့ ပို့ဆောင်ထားကာ ဘဏ်ရှိ ဝန်ထမ်း ၂၀ဦးခန့်ကို သဒ္ဓမ္မရံသီရိပ်သာ၌ Facilities Quarantine ထားဖို့စီစဉ်နေပြီး ဘဏ်ကို Lockdown ချထားကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ညောင်လေးပင်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉အတည်ပြုလူနာ ၁၈၈ ဦး ရှိပြီး ဆေးရုံ ဆင်းခွင့်ရသူ ၁၈၂ဦး၊ ဆေးကုသမှုခံယူဆဲ ၅ ဦး နှင့် သေဆုံသူတစ်ဦး ရှိကြောင်းသိရသည်။
သက်လွင် (ညောင်လေးပင်)