ပြည် ဒီဇင်ဘာ ၂၁
ပဲနယ်ခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ရှိ ဆည်မြောင်းလုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုလုပ်ငန်းများဖြစ်သော ဝက်ထီးကန် တိုက်နယ်ရှိ၊ သံတံခါး၊ ရေတံခါး ပြုပြင်မှုလုပ်ငန်း၊ မြို့မရေတံခါးကုန်ထုတ်တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ ကံစုကန်ရေတံခါး ပြုပြင်ခြင်းလုပ်ငန်း၊ ဝက်ထီးကန် ရေကျော်အမှတ်-၂ ပြန်လည်တူးဖော်ခြင်း လုပ်ငန်း၊ မလွန်ကွင်းကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ ကျစ်ကန်ရေတံခါး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း၊ မိုးမှောင်ကျချောင်းရေတံခါး (ရေသျှံရွာအထက်ပိုင်း) တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ဒေသခံတောင်သူများက CR 7a မြောင်း ရေစီး ရေလာအဆင်မပြေ၍ လယ်များရေနစ် နေမှု ပြုပြင်ရန် သံပုရာပင်ချောင်း ရေတံခါး တည်ဆောက်ပေးရန် တင်ပြမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး (ပြန်/ဆက်)