ပွင့်ဖြူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်း ဝေးစေ ရန်နှင့် ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက် ခြင်းကို ဒီဇင်ဘာ ၂၀ ရက် ၊ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ အဖွဲ့က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာသို့ ဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း သွားရောက်ပြီး လျှပ်စစ်အန္တရာယ်ကင်းဝေးရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ၄၀၀ ဗို့လိုင်း ထရန်စဖော်မာ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည် သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ် ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ လျှပ်စစ်မီးအား အန္တရာယ်ကင်းစွာ ကိုင်တွယ်အသုံးပြုတတ်စေရေး အသိပညာပေးခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများအပြင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများ လျှပ်စစ်မီး ရယူသုံးစွဲနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေး နေကြောင်း သိရ သည်။
ထိုနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်ကုန်းဇောင်းကျေးရွာရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်၏ ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကျေးရွာသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ ထရန်စဖော်မာ အတွင်း၊ အပြင် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )