ကျောက်တန်း သြဂုတ် ၂၆
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ ဝက်မစွတ်ဝန်ထောက်လမ်းနှင့် မြတောင်ဝန်ကြီးဦးမှိုလမ်းထောင့်ရှိ ဦးကြူ(ဂျုံစက်ရုံ)(RCC, Steel Structure (၇)ထပ်အဆောက်အဦအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(fire safety certificate)(FSC) ကနဦးဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီကဆောင်ရွက်ပေးခဲ့သည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(Fire Safety Certificate)သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်၏သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှု ရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှမြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးထင်အောင်လင်း ဦးဆောင်သောအဖွဲ့ဖြင့်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သ တင်းရရှိသည်။
နေလင်းကျော်(ပြန်/ဆက်)