ဘီးလင်း ဒီဇင်ဘာ ၂၁
သထုံခရိုင် ၊ ဘီးလင်းမြို့နယ်တွင် ပညာရေးဌာနမှ မြို့နယ်အဆင့် C4M mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ပညာ့အားမာန် ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းတွင် C4M mobile Application အသုံးပြုပုံ အဆင့်ဆင့်၊ ပညာရေး ဌာနမှဝင်စာများ ၊ထွက်စာများ၊စာကြမ်းများ၊ မှားယွင်လျှောက်လွှာများနှင့် ကျောင်းလချုပ် စာရင်းများ အသုံးပြုပုံအဆင့်ဆင့် တို့ကို သင်ကြာပေးမည်ဖြစ်ပြီး ကျောင်းစာသင်ကျောင်းများ ရှိ ကျောင်းဒေတာအချက် စာရင်းများကို C4M mobile Application ကိုအသုံးပြုပြီး Onlie စနစ်ဖြင့်ဖြည့်သွင်းတက်စေရန်ရည်ရွယ်၍သင်ကြာပို့ချခြင်း ဖြစ်ပြီး သင်တန်းနည်းပြ ဆရာမ အဖြစ် မြို့နယ်ပညာရေးမှူးရုံးမှစာရင်းအင်း ဒုတိယဦးစီးမှူး ဒေါ်လှလှ အေး၊ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဒေါ်သန်းဝင်းတို့ကသင်ကြားပေးသွားမည်ဖြစ်သည်။
ဘီးလင်းမြို့နယ်တွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ် တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲနှင့်မူလတန်းကျောင်းများရှိ ဆရာ၊ဆရာမ(၁၉၈) ဦးကို အုပ်စု(၂)စုခွဲ၍ တစ်ရက် တာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထူးနောင်(ပြန်/ဆက်)