မှော်ဘီ ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ် ဦးစီးမှူးတို့၏ ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်စန်းစန်းဌေးနှင့် ဝန်ထမ်း(၆)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများအား ပင်စင်လာရောက်ထုပ်ယူသူများကို Biometric ကောက်ယူ ခြင်း၊ SmartCard များ ပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေခြင်းများကို နေ့စဉ်နံနက်ရုံးဖွင့်ချိန်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ဆွေနှင့် လဝကမှူး ဒေါ်စန်းစန်းဌေးပါ ဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများ နှင့် အခြားနိုင်ငံဝန်ထမ်းမဟုပ်သော ရပ်ကွက်/ကျေးရွာရှိ အများပြည်သူများအားလည်း ရုံးဖွင့်ရက်များ ရုံးချိန်အတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား အပြောက်အပျက်များ ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ Biometric ကောက်ယူခြင်း၊ SmartCard များ ပြုလုပ်ပေးခြင်း၊ UID နံပါတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို မှော်ဘီမြို့နယ် လဝကရုံးတွင် ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)