ဒဂုံမြောက် ဒီဇင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ် သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၆)ရပ်ကွက် ဗိုလ်မှူး ဗထူးလမ်းမပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်းမရှိသော လမ်းသွားလမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များ ပေါ် လိုက်ပါလာသူများအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက (mask)တစ်ခုလျှင် နှစ်ရာ ကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်သည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၂၉)ဦး စစ်ဆေး အရေး ယူခဲ့ကြောင်း သိရသည်။
စစ်ဆေးအရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား အိမ်ပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask)တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် ပညာပေးပြောကြား ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မြင့်မြင့်ရီ(ပြန်/ဆက်)