မြင်းမူ ဒီဇင်ဘာ၂၁
မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် မိသားစုတစ်ပိုင်တစ်နိုင် အလွယ်တစ်ကူစိုက်ပျိုး နိုင်ပြီးဝင်ငွေ ရရှိနိုင် သည့် ကောက်ရိုးမှိုလက်တွေ့စိုက်ပျိုးမှု လက်တွေ့ပြသဆောင်ရွက်ခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ် ၊ ပဲကူကျေးရွာတွင် ဒီဇင်ဘာလ(၂၁)ရက် (ယနေ့)နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကွင်းဆင်း ပြသဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကောက်ရိုးမှိုပြုလုပ်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ရောင်းချရာတွင်အကျိုးအမြတ်ကြောင်း၊ ကောက်ရိုး (သို့) ဂျပ်စက္ကူ(၁၀)ပိသာစိုက်ပျိုးရန်အတွက် အလျှား(၁၃ပေ၆လက်မ) အနံ(၄ပေ ၆ လက်မ) ဘောင်ပြုလုပ်ပြီး၊ ဘောင်ဘေးပါတ်လယ်တွင် အနက် (၃လက်မ) အကျယ် (၃လက်မ) ရေမြောင်း ထားရှိပေးရန်လိုအပ်ကြောင်း၊ အခြားလိုအပ်သည့် နွားချေး ၊ မှိုမျိုးစေ့ထုတ်၊ အမိုးအကာပြု လုပ်ရန် ပလပ်စတစ်စ၊ ဆန်ဖွဲနု၊ ခြဆေးနှင့်ကြက်ချေးများ သတ်မှတ်ထားသည့်အတိုင်း စုဆောင်း ထားရှိပြီး လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်းပြုလုပ်ရန် လက်တွေ့ပြသပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် ရောင်းတမ်းဝင်မှိုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ဦးစီးမှုးဒေါ်သဲသဲအောင်ထံမှသိရှိရသည်။
အထက်ပါကောက်ရိုးမှို(သို့)ဂျပ်မှိုပြုလုပ်ရာတွင်ကုန်ကျစရိတ်အနေဖြင့်ငွေကျပ်(၁၂၀၀၀)ခန့်သာကုန်ကျ မည်မည်ဖြစ်ပြီး တစ်ဘောင်စိုက်ပျိုးပါက မှို(၁၀)ပိသာခန့်ထွက်ရှိနိုင်ကြောင်း၊ ယခုအခါ မှို(၁)ပိသာ ဈေးမှာ ငွေကျပ်(၅၀၀၀)ကျော်ရှိသည့်အတွက် ငွေကျပ် (၅၀၀၀၀) ခန့် အကျိုး အမြတ်ရရှိနိုင် ကြောင်း သိရှိရ၍ ဒေသခံတောင်သူများက မှိုစိုက်ပျိုးနည်းနှင့်ပတ်သက်၍ များစွာ စိတ်ဝင်စားလျှက် ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)