ချောင်းဆုံ ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိဈေး ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် Coronavirus Diseases 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်း အစည်း အဝေး၏ ညွှန်ကြားချက်ဖြင့် ပြည်သူများအား ဈေးများအတွင်း သား၊ ငါး၊ ကုန်ခြောက်နှင့် ကုန်စိမ်းရောင်းသူများထံမှ Covid-19 ရောဂါကူး စက် မခံရစေရေးအတွက် (Mask) တပ်ဆင်ထားခြင်းမရှိသည့်ဈေးသည်များထံမှ ဈေးဝယ်ယူခြင်း၊ မပြုစေရေး အသိပညာပေးဆောင်ရွက်ခြင်းများကို စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ကစတင်ကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးခြင်းများကို ချောင်းဆုံမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် ဈေးများ ဖြစ်သည့် ချောင်းဆုံမြို့မအမှတ်(၁)ဈေး၊ မြို့မအမှတ်(၂)ဈေး၊ ရွာလွတ် ဈေး၊ ကမာမိုဈေး၊ မုရစ်ကလေး ဈေးစသည့် အဖွဲ့ပိုင်ဈေး(၅)ဈေးတို့တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများမှ ဈေးရောင်း ဈေးဝယ်ရာ တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရန်လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေး ကြေငြာခြင်း၊ ဈေး၏အများ ပြည်သူမြင်သာသည့် နေရာများတွင် ဗီနိုင်းပိုစတာများချိတ်ဆွဲထားခြင်းများ ကို ဆောင်ရွက် ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)