အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်တည်ဆောက်နေသည့် လုပ်ငန်းအား စံချိန်စံညွှန်းနှင့် အညီ အမြန်ပြီးစီးနိုင်ရေးအတွက် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေးမြေညီထပ်တည်ဆောက်နေသည့် လုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီး နိုင်ရေး အတွက် ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။

ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း နှင့်တာဝန်ရှိသူများသည် ရွာမအရှေ့ရပ်ကွက်၊မင်းကြီးလမ်းမှ ဘိုကုန်းဈေး မြေညီထပ် တည်ဆောက် နေသည့် လုပ်ငန်းအား EE ဦးစိုးလွင်မှ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းများကို စံချိန်စံညွှန်နှင့်အညီ အချိန်မှီ ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေးနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများ စသည်တို့ကို ကြည့်ရှု စစ်ဆေး ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)