ပိုင်ကျုံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကော့ဖမွတ်ကျေးရွာ အုပ်စု၊ ကော့ကစွယ်ကျေးရွာတွင် လှိုင်းဘွဲမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကွန်ကရစ်တံတားနှင့် Slab Culvert ဆောက်လုပ်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ(၁၈)ရက်နေ့ ကစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်တံတား (အလျား ၁၀ ပေ x အနံ ၁၈ပေ x အမြင့် ၇ပေ)နှင့် Slab Culvert(၂)စင်း (အလျား ၁၈ပေ x အနံ ၅ပေ x အမြင့် ၅ပေ)ရှိသောလုပ်ငန်းများကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂,၀၀၀,၀၀၀)ကျပ်ဖြင့် လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိပြီး လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ခွန်နေလင်းအောင်၊ လူထုစည်းရုံးရေးမှူး စောအင်ဒရူးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ် ပြီး(၁၀၀)ရာခိုင်နှုန်း ပြီးစီးပါက ကော့ကစွယ်ကျေးရွာမှ အိမ်ထောင်စု(၁၁၃)စု လူဦးရေ (၈၀၆)ဦး တို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)