မင်းကင်း ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် စားသုံးသူများ အကာအကွယ် ပေးရေး စားသုံးရန် မသင့်သည့်စားသောက်ကုန်ပစ္စည်းများရောင်းချမှုစေရေးအတွက် ယနေ့ နံနက်ပိုင်းက စားသုံးသူရေးရာ ဦးစီးဌာန နှင့်မိတ်ဖက်ဌာနများက ဈေးဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်းများ၊ ဉပဒေများနှင့် အညီ ရောင်းချ နိုင်ရေး နှင့်အန္တရာယ်ရှိသော ကုန်ပစ္စည်းများရောင်းချပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များ အကြောင်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဝင်းမင်းဉီးကပြောကြားပြီး သိမ်းဆည်းရမိသော ပစ္စည်းများကို စည်ပင်အမှိုက်ပုံးတွင်းသို့ ဖျက်ဆီးခဲ့ကြသည်။
အဆိုပါရှောင်တခင်ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးဟန်၊ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဉီးကျန်ထိုက်မိုး ၊ စားသုံးသူ ရေးရာဉီးစီး ဌာန၊ တာဝန်ခံ ဦးဝင်းမင်းဦး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနဉီးစီးမှူး ဒေါ်မေ သက်နွယ်၊ မြို့နယ်ရဲတပ်ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ကြောင်း သိရသည်။
လှငွေ(မင်းကင်း)