မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ သုံးခွမြို့နယ်အတွင်း လိုက်လံနှိုးဆော်

သုံးခွ ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မီးသတ်ဦးစီဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ ပူပြင်းခြောက်သွေ့သောနွေရာသီ ကိုရောက်ရှိလာပြီဖြစ်၍ မီးသုံးစွဲသူများ မီးကို စနစ်တကျ သုံးစွဲစေရန် ယမန်နေ့ ည (၇) နာရီက မီးသတ်ယာဉ်ဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းများ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် မီးသတ်တပ်ဖွဲ့၀င်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်မကျ ရောက်စေရန်အတွက် မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ရာတွင် မိမိနေအိမ်ခြံ၀န်းကို သန့်ရှင်းသပ်ရပ်စွာ ထားရန်၊ မီးလောင်လွယ်သောအရာ၀တ္ထုများကို သေချာစွာထုတ်ပိုး သိမ်းဆည်းခြင်း၊ အသုံးမပြု လိုလျှင် စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ရန်၊အ မှိုက်မီးရှို့လိုလျှင် မီးသတ်တပ်ဖွဲ့သို့ ကြိုတင် အကြောင်းကြား၍ ခွင့်ပြုမှသာဆောင်ရွက်ရန်၊ နေအိမ်တွင်းအသုံးပြုပြီးသော လျှပ်စစ် ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး အသုံးပြုရန်၊ မသင့်လျော်သော ဟောင်းနွမ်းခြင်း၊ ပေါက်ပြဲခြင်း ၀န်အားမမျှခြင်း စသည့် အန္တရာယ်ရှိသည့်အစိတ်အပိုင်းများကို အစားထိုး လဲလှယ်ရန် စသည့် အကြောင်းအရာများကို အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်