ဒဂုံ ဒီဇင်ဘာ ၂၁
ကိုဗစိ ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိဘဲ ပြင်ပ၌ သွားလာနေခြင်း နှင့် စပ်လျဉ်း၍ လိုအပ်သော သတိပေးစစ်ဆေးတင်းကြပ်မှုများ ဆောင်ရွက်သွားရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ခရစ်စမတ် ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အင်းယားကန် ဘောင်၊ ပန်းခြံနှင့်ကစားကွင်းများ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခေတ္တပိတ် ထားမည်ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၊ ဒဂုံပန်းခြံ၊ ဇီဝကပန်းခြံ၊ ဦးဥတ္တမ ပန်းခြံတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးများ မဖြစ်ပေါ်စေရန် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက် ကာလများတွင် ပန်းခြံများ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းကို အဆိုပါပန်းခြံများ တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ဝန်ထမ်းများမှ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရ သည်။
မိုးမိုးခိုင်(ပြန်/ဆက်)