ဆိပ်ဖြူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ စပါးစိုက်ပျိုးတောင်သူများ ကောက်လှိုင်းစည်းများကို ရောင်းချရခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်မှ ယာစိုက်ခင်း တောင်သူများသည် နှစ်စဉ်မိုးတွင်းကာလတွင် မွေးမြူထားသည့် ကျွဲနွားစာ အတွက် ပြောင်းစိုက် ပျိုးကြရာမှ ယခုနှစ်မိုးရာသီကာလ၌ မိုးရွာသွန်းမှုနည်းပါးခဲ့ခြင်းကြောင့် အောင်မြင်ဖြစ် ထွန်းမှုနည်းခြင်းကြောင့် ကျွဲနွားစာများ အတွက်လုံလောက်မှုနည်းခြင်းကြောင့် မြင်က၀ ၊အောက်ဆိပ် ကျေးရွာ မှ ကောက်ရိုးများဝယ် သိုလှောင်ထား ရှိရနေကြောင်း ကောက်ရိုးဝယ်ယူသူများထံမှသိရသည်။
မြင်က၀ ၊အောက်ဆိပ် ကျေးရွာ စပါးစိုက်တောင်သူများအနေဖြင့် မြစ်ရေတင်စီမံကိန်း အတွင်း မိမိတို့ စပါးစိုက်ဧက အတွင်းမှ ထွက်ရှိသော ကောက်လှိုင်းများကို မိမိတို့မွေးမြူထားသည့် တိရစ္ဆာန်စာအတွက် သိုလှောင်မှုမှ ပိုလျှံသည့် ကောက်ရိုးများ ပြန်လည် ရောင်းချခြင်းဖြစ်ပြီး တစ်ဧကစိုက်မှ ကောက်လှိုင်းများကို တစ်သိန်းကျပ်ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချရကြောင်း ဒီရောင်းချ ရငွေဟာဆိုယင် စပါးတစ်ဧက ရိတ်သိမ်းခြင်းလုပ်အားခ သယ်ယူခြင်းလုပ်အားခများ အတွက်စရိတ်ကာမိတဲ့အတွက် မိသားစု အတွက် ပိုလျှံဝင်ငွေများဖြစ်ကြောင်းသိရသည်။
စိုးလင်းနိုင်(ပြန်/ဆက်)