ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မွေးစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၂) နှစ်အောက် ကလေးငယ်များအား ယနေ့ နံနက်ပိုင်းက (၃၆)ရပ်ကွက်၊ သာသနာ့ရက္ခိတ ဓမ္မာရုံတွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက် ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမှ ကာကွယ် နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကလေးမိခင်နှင့် ကလေးတို့ကို အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာမှနေစေခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်​ဆေးခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရန် သတ်မှတ် နေရာများတွင် ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးထိုးနှံပေး လျက်ရှိသည်။

တိုက်​ကျွေးထိုးနှံပေးသော ဆေးများမှာ မွေးစမှ အသက်(၂)နှစ်အောက် က​လေးငယ်များကို ဘီစီဂျီ၊ အသည်းရောင် အသားဝါ(ဘီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ အသည်းရောင် အသားဝါ (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဝက်သက်နှင့် ဂျိုက်သိုးကာကွယ် ဆေး တို့ကို ​ အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။    

မြင့်မြင့်ရီ(ပြန်/ဆက်)