ဗိုလ်တထောင်မြို့နယ်တွင် ပြင်ပထွက်ခွာသူများအား mask တပ်ဆင်မှုရှိစေရေး mask campaign ဆောင်ရွက်

ဗိုလ်တထောင် ဒီဇင်ဘာ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် ပြည်သူများပြင်ပထွက်ခွာရာ၌ mask တပ်ဆင်မှုရှိစေရန်အတွက် mask campaign ဆောင်ရွက်ခြင်းကို မြို့နယ်ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့များပူးပေါင်းကာ ယနေ့နံနက် (၉)နာရီ က အမှတ်(၂)ရပ်ကွက်၊လင်းစဒေါင်း ပျံကျဈေးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဈေးများဖြစ်သည့် ဗိုလ်ကလေးဈေး၊ ချမ်းမြေ့ဈေးနှင့် လင်းစဒေါင်း ပျံကျဈေးများတွင် တစ်ချိန်တည်းဆောင်ရွက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရေးအတွက် ဈေးရောင်း၊ဈေးဝယ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်းများတပ်ဆင်ရန် အသိပညာပေးပြီး မြို့နယ်အတွင်းရှိ သတ်မှတ်နေရာများအလိုက် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)