ပန်းတောင်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်း ကျောင်း ထောက်ပံ့ ငွေဖြင့် အခြေခံ ဆိုင်ကယ်ပြင် သင်တန်းအခမ်းအနားကို ဒန့်ဒလွန်ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်နှင့် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးတို့က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေဖြင့် ဒန့်ဒလွန်ကျေးရွာအုပ်စု ဒန့်ဒလွန် ကျေးရွာတွင် ကွန်ကရစ် ၊မီးတိုင်၊ မီးကြိုးတပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခြင်းနှင့်နတ်မောက်ကျေးရွာအုပ်စု သီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စာရင်းဇယားများ ဖြည့်သွင်းဆောင်ရွက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားညှိနှိုင်း ပေါင်းစပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)