ပေါက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ငမို့ကြီးကျေးရွာအုပ်စု ငမို့ကြီးကျေးရွာတွင် ဒီဇင်ဘာ ၂၀ ရက် ည ၉ နာရီ မိနစ် ၂၀ အချိန်ခန့်က နေအိမ်ဘုရားခန်းတွင် ဘုရားမီးပူဇော်ထားသော လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပြီး နေအိမ်ထရံသို့ မီး ကူးစက် ကာ နေအိမ်တစ်လုံးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပေါက်မြို့နယ် ရေပြာနယ်မြေမီးသတ်စခန်းမှ လက် ထောက် မီးသတ်ဦးစီးမှူး ဦးရန်နိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာများရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍မီးသတ်ယာဉ် (၁)စီး နှင့် ရေသယ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂၇ မိနစ် အချိန် ခန့်က မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၀ ပေပတ်လည် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များထိခိုက်ပျက်စီးဆုံးရှုံးခဲ့ခြင်းမရှိကြောင်း သိရှိရပြီး မီးပေါ့ ဆစွာသုံးစွဲသူ အိမ်ပိုင်ရှင်အား ရေပြာနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)