သန်လျင်နှင့် ကျောက်တန်းမြို့နယ် သီလရှင်ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း

သန်လျင်  ဒီဇင်ဘာ  ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်နှင့် ကျောက်တန်းမြို့နယ်တို့မှ သီလရှင်ကျောင်းနှင့် ပရဟိတကျောင်း များသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ သမိန်ဒေါတရရွှေစင်ဦး သီလရှင်ကျောင်းနှင့် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ဆုတောင်းပြည့်ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်၊ ဆပ်ပြာ၊ အသီးအနှံနှင့် လှူဖွယ်ဝတ္ထုများကို ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်ဇနီး မိသားစုက ဆွမ်းဆန်တော်(၂)အိတ်၊ ခရိုင်မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလ သီလရှင်ကျောင်းတိုက်များနှင့် ပရဟိတကျောင်းများအနေဖြင့် ဆွမ်း၊ ကွမ်းအခက်အခဲများ ရှိရာ အလှူရှင်များအနေဖြင့် သက်ဆိုင်ရာကျောင်းတိုက်များသို့ သွားရောက်၍ တစ်ဦးချင်းဖြစ်စေ၊ မိသား စုအလိုက် ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ မိမိတတ်စွမ်းသမျှ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

သန်းဝင်း(သန်လျင်)