မြို့သစ် ဒီဇင်ဘာ ၂၁
မကွေးခရိုင် ၊ မြို့သစ်မြို့နယ်မှကို ဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၁၅)ဦး တွေ့ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့က သတင်းထုတ်ပြန်ချက် အရ သိရသည်။
၂၀၂၀ ဒီဇင်ဘာ ၁၅ ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် Pact Myanmar ငွေကြေး လုပ်ငန်း လုပ်ကိုင်သူနှင့်ထိစပ်ခဲ့သော ရုံးတိုင်မြှောင်ကျေးရွာFQမှ အသက်(၅၄) နှစ် အရွယ်(ကျား) (၁) ဦး ၊ အသက်(၅၅) က် (၃နှစ်အရွယ်(မ)(၁)ဦး ၊ အသက်(၂၁)နှစ် အရွယ်(ကျား) (၁)ဦး ၊ ချောက်ကြားကျေးရွာ FQမှ အသ၈)နှစ်အရွယ်(မ)(၁)ဦး ၊ အသက် (၁၅) နှစ်အရွယ်(ကျား)(၁)ဦး ၊ အသက်(၁)နှစ်အရွယ်(မ)(၁)ဦး ၊အသက်(၁၈)နှစ် အရွယ်(မ) (၁)ဦး ၊ အသက် (၆)နှစ်အရွယ်(မ)(၁)ဦး ၊ မကြီးကုန်းလေးကျေး ရွာ FQမှအသက်(၁၂)နှစ် အရွယ် (ကျား)(၁)ဦး ၊ ထိုင်းနိုင်ငံမှပြန်လာပြီး မြို့သစ်မြို့ သမရုံးဟောင်းရှိ CBFQ မှ အသက်(၂၄)နှစ်အရွယ်(ကျား)(၁)ဦး ၊မန္တလေးမြို့မှပြန်လာပြီး သက်ဆိုင်ရာကျေးရွာFQတွင်
ထားရှိသည့် မကျီးချိုကျေးရွာ FQမှ အသက်(၇/၁၈)နှစ်အရွယ်(မ)(၂)ဦး ၊ အသက် (၁၇/၃၄)နှစ်အရွယ်(ကျား)(၂)ဦးတို့ တွင် ဒီဇင်ဘာ(၂၁) ရက်နေ့ နံနက်(၈)နာရီ သတင်းအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ ခဲ့သည်။
အထက်ပါပိုးတွေ့လူနာ(၁၄)ဦးနှင့် သက်ဆိုင်ရာFQများတွင် အသွားအလာကန့်သတ် စောင့်ကြည့်သူ(၁၀၉)ဦးအား၂၀၂၀ပြည့်နှစ်ဒီဇင်ဘာ ၁၇ ရက်က(swab)နမူနာရယူပြီး ရန်ကုန်မြို့အမျိုးသားကျန်း မာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ(၁၄)ဦး ပိုးတွေ့ခဲ့ပြီး(၉၂)ဦးသည် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ ( Negative) အဖြေထွက်ခဲ့ကာ ဆက်လက် စစ်ဆေးရန်(၃) ဦးကျန်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ(၂၁)ရက်နေ့ည(၇)နာရီ သတင်းထုတ်ပြန်ချက်အရ ၎င်း(၃) ဦးထဲမှ မြို့သစ် မြို့နယ် သမရုံးဟောင်းရှိ CBFQတွင်စောင့်ကြည့်ထားသူ ထိုင်းနိုင်ငံမှပြန်လာသည့်( ကျား) တစ်ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
၎င်းတို့၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ သူများကို မြို့သစ်မြို့ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သီးသန့်(၄)ထပ်ဆောင်နှင့် ဒန့်ဒ လွန်ပင်တိုက်နယ် ဆေးရုံတို့တွင်ထားရှိကာ ဆေးကုသမှုများကို စနစ်တကျ စီစဉ် ဆောင် ရွက် ပေးသွားမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)