ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦးတွေ့ရှိ

ပေါက်ခေါင်း ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ Facility Quarantine Centre များတွင် ကန့်သတ် ထားရှိသော ပြည်တွင်းနှင့် ပြည်ပပြန် (၆၂)ဦး၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာများကို ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာ Swab Team အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့က ယူဆောင်၍ ဆေးသုတေသန ဦးစီးဌာန ဓာတ်ခွဲခန်း(ရန်ကုန်)သို့ ပေးပို့၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၃)ဦးတွင် ကိုဗစ်-၁၉ positive အဖြေထွက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးမှာ တခြားအရပ်ဒေသမှ ပြန်လာပြီး သတ်မှတ်နေရာများတွင် Quarantine ဝင်ရောက်နေသူများဖြစ်ပြီး ပေါက်ခေါင်းမြို့ အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီးတစ်ဦး၊ စမ်းကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အုပ်ဖိုကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံသီးခြားဆေးကုသဆောင်တွင် ယနေ့ နံနက်ပိုင်းကစတင်၍ ဆေးကုသမှုဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)