ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန၌ Quarantine ဝင်ရောက်နေသူများအား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ် Swab နမူနာများ ရယူစစ်ဆေး

လှည်းကူး ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုရှိ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန Quarantine Center တွင် ပြည်တွင်း ပြည်ပပြန်များအား အနီးကပ် စောင့်ကြည့်ထားရှိရာ ယနေ့ နံနက်(၈)နာရီခွဲက စောင့်ကြည့်ထားရှိသူ(၂၂)ဦးတို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နှာခေါင်တို့ဖတ်များ ရယူကာ RDT Test Kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြည်တွင်း ပြည်ပပြန်အနီးကပ် စောင့်ကြည့်ထားရှိသူ(၂၂)ဦးမှ (၂၀)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်၍ အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ Quarantine Center တွင် ပြည်တွင်း ပြည်ပပြန် အနီးကပ်စောင့်ကြည့်ထားရှိသူ အမျိုးသား (၃၅)ဦးနှင့် အမျိုးသမီး(၃၂)ဦး စုစုပေါင်း(၆၇)ဦးရှိကြောင်း ၎င်း Quarantine Center မှ တာဝန်ရှိသူ ဆရာဦးသက်လွင်ထံမှ သိရသည်။

နိုင်လင်း(လှည်းကူး)