ကျိုက်ဒုံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင်ယနေ့ နေ့လယ် ၁၂နာရီခွဲက မြို့ပြအင်္ဂါရပ်များနှင့် အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုမှုများဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးဇော်မိုး၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်နှင့် အဖွဲ့များ၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ က မြို့ပြအင်္ဂါရပ်များနှင့် အညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသည့်လမ်း၊ တံတားနှင့်အခြား လုပ်ငန်းများအား(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် အဆိုပြုစီမံကိန်းလုပ်ငန်းစာရင်းများ ပြုစုနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များသို့သွားရောက်ပြီး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်