စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် မိုးစပါးနှင့် မျိုးစေ့ထုတ် စမ်းသပ် စိုက်ကွက်များမှ စံကွက်ရိတ်သိမ်း

ရေဦး ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်တွင် မိုးစပါးနှင့် မျိုးစေ့ထုတ် စမ်းသပ်စိုက်ကွက်များတွင် စံကွက်များရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။

ရေဦးမြို့နယ်အတွင်း  ဒီဇင်ဘာတတိယပတ်မှစတင်ကာ  တမာတောစိုက်ပျိုး နည်း ပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ အောင်ကဲ့ဇင်ကျေးရွာမှ  တောင်သူ ဦးထွန်းထွန်း၀င်း ကွင်းအမှတ် - ၁၅၈၂ ၊ ဦးပိုင်အမှတ် ၄၃၂ ကွင်း၌  မိုးစပါး ပေါ်ဆန်းရင် (၆၆)ပေပတ်လည် စံကွက် ရိတ်သိန်းခဲ့ရာ တစ်ဧကစပါးအထွက်နှုန်း၈၇ တင်းထွက်ရှိခဲ့သည်။

မိုးစပါးများရိတ်သိမ်းရာတွင် အထွက်နှုန်းကောင်းမွန်ခြင်းရှိမရှိ သိရှိနိုင်ရန် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အကြီးအကဲ များ၊ စာတာ၀န်ခံနှင့် ၀န်ထမ်းများက ကွင်းဆင်း၍ စံကွက်ရိတ်သိမ်းခြင်းများ ပြုလုပ်ကာ  စပါးအထွက်နှုန်းများ  တွက်ချက်ပေးခဲ့ကြ‌ကြောင်း၊ အလားတူ နည်း ပညာ ပြန့်ပွားရေး စင်တာသုံးခု တွင် မိုးစပါးစံပြကွက်များ ရိတ်သိမ်း နေပြီဖြစ်ရာ ပျမ်းမျှအားဖြင့်တစ်ဧကလျှင်စပါးတင်း ၉၀ခန့်  ထွက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

သန်းထိုက် (ရေဦး)