ပိုင်ကျုံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ သမိုကျေးရွာအုပ်စု၊ ထီးပါကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် တာ၀န်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ နယ်ခြားစောင့်တပ်(BGF) အမှတ်(၂)တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်၊ လှိုင်းဘွဲမြို့နယ် (KNU) အတွင်းရေးမှူး ဦးစောအဲထီးကော်နှင့် သက်ဆိုင်ရာမြို့နယ် လမ်းဦးစီးဌာနနှင့် ဖွံ့ဖြိုးကြီးကြပ်ရေးရုံးမှ တာ၀န်ရှိသူများက ထီးပါရွာရှိ ထီးပါ(ဒါးကျိုင်း) ချောင်ကူးတံတားတည်ဆောက်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်း တိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)