မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာသစ်(၃၁)ဦး ထပ်တိုး

မကွေး     ဒီဇင်ဘာ     ၂၂

မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာသစ်(၃၁)ဦး ထပ်တိုးတွေ့ရှိခဲ့၍ တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၂၂၆)ဦး ရှိပြီဖြစ်ကြောင်း တိုင်းဒေသသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန် ချက်အရ သိရသည်။ 

တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေး ကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း တွေ့ရှိနေဆဲပါ၊  ဒီကနေ့မှာ ထပ်တိုးတွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုဖြင့် ပိုးတွေ့ အတည်ပြု လူနာ(၃၁)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့ရှိတဲ့မြို့နယ်တွေက အောင်လံက(၆)ဦး၊ တောင်တွင်းကြီး နဲ့ ချောက်က(၄)ဦးစီ၊မကွေး၊မင်းဘူးနဲ့ မင်းလှက(၃)ဦးစီ၊ ရေစကြိုက(၂)ဦး၊ နတ်မောက်၊ ဂန့်ဂေါ၊  မြိုင်၊ မင်းတုန်း၊ ငဖဲနဲ့  ဆောက(၁)ဦးစီတို့ဖြစ်ပါတယ်၊ ပိုးတွေ့ လူနာတွေထဲက ချောက်က (၄) ဦး၊ မင်းလှနဲ့ အောင်လံက(၃)ဦးစီ၊တောင်တွင်း(၂)ဦးနဲ့ မင်းဘူးနဲ့ မကွေး(၁)ဦးစီတို့က ပိုးတွေ့အတည် ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေပါ၊ မကွေး(၂)ဦးနဲ့ မင်းဘူး၊ အောင်လံ၊ ဂန့်ဂေါ၊ဆော၊မြိုင်နဲ့ ငဖဲ(၁)ဦး စီတို့က ယာဉ်မောင်း/ယာဉ်နောက်တွေဖြစ်ပြီး ကျန်သူတွေက(Quaran tine Centre )တွေက ဖြစ်ပါတယ် ဒီကနေ့ ညနေပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း(၂၂၂၆)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြား သည်။

မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာပေါင်း (၂၂၂၆)ဦးထိ ရှိလာပြီး၊ အတည်ပြုလူနာများထဲက တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ တက်ရောက် ဆဲ(၄၈၂)ဦးရှိကာ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၇၃၉)ဦးနှင့် သေဆုံးသူက(၅)ဦး ရှိ ကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ (P contact) များမှ ပိုးတွေ့လူနာများ ထပ်တိုး၍ တွေ့ရှိရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုဆင်ခြင် ပြုမှုနေ ထိုင်ကြဖို့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြဖို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။

 

သန်းနိုင်ဦး(ငဖဲ)