ခရမ်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ခရမ်း ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁:၃၀) နာရီအချိန်က အ.ထ.က(၂) မြို့မ၊ မြို့မဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ထက်ထက်က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိဒေါ်အိမွန်မွန်ဇော်က အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာအသိပညာပေးဗီဒီယိုကိုပြသရာ အခမ်းအနားသို့တက်ရောက်လာကြသူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)