မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် သွေးတိုးနှင့်ဆီးချိုရောဂါရှိလူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

မြောက်ဥက္ကလာပ ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သွေးတိုးနှင့်ဆီးချိုရောဂါရှိသူများအား အဆိုပါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်းကြီးကြပ်၍ ကျန်းမာရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများအတွက် NCD Clinic အား အပတ်စဉ်အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင်ဖွင့်လှစ်ဆေးကုသမှုပေးလျက်ရှိ‌ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)