သုံးခွမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သုံးခွ သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေလယ် ၁ နာရီက အထက (မြို့မ)ကျောင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဥ်မင်းထွေးက ဆက်သွယ်ရေးလိမ်လည်မှုမှတစ်ဆင့် လူကုန်ကူးခံရမှုနှင့် ငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များအား ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို (၂)ခုအား projector ဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဥ်မင်းထွေးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)