သန်လျင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ရန်ကုန် ဩဂုတ် ၃၀

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကကျင်းပသော ဆက်သွယ်ရးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးသန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကလစ်အားပြသသည်။

ထို့နောက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဥ်း၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသောင်းဒန်နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိတို့က အသိပညာပေးဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဒုတိယဥက္ကဋ္ဌ ဒေါ်ဇင်မာစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)